အခုအခါမှာ Android ဖုန်းတွေဟာ Branded ရော Clone OS ရော ၀င်ရောက်လာတဲ့အတွက်သာမန်အသုံးပြု သူတွေ သတိမထားမိတတ်တာမျိုး ဖြစ်တတ်ပါတယ်။အခုဖော်ပြမယ့် CPU-Z Android apk လေးကတော့ ဖုန်းထဲမှာထည့်သွင်းထားတဲ့ CPU,display,Ram,Soc,Sensor,Battery အစရှိတဲ့ အသေးစိတ်အချက်လက်တွေ အကုန်လုံးဖော်ပြနိုင်ပြီး ကိုယ့်ရဲ့ဖုန်းဟာ အစစ်ဟုတ်မဟုတ်အလွယ်တကူခွဲခြားနိုင်ပါလိမ့်မယ်။ဒါ့အပြင် တခြားအသုံးဝင်တဲ့ ဖုန်းရဲ့ Hardware နှင့်ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေကိုပါ ကြည့်ရှုနိုင်ပါလိမ့်မယ်။
1။CPU-Z မှာ ပထမဆုံးမြင်တွေ့ရမယ့် Tab ကတော့ system on achip(SOC) ပဲဖြစ်ပါတယ်။CPU အမျိုးစား၊အမြန်နှုန်း၊တည်ဆောက်မှုပုံစံ အသေးစိတ်ကို ဖော်ပြတဲ့နေရာဖြစ်ပါတယယ်။
1။CPU-Z မှာ ပထမဆုံးမြင်တွေ့ရမယ့် Tab ကတော့ system on achip(SOC) ပဲဖြစ်ပါတယ်။CPU အမျိုးစား၊အမြန်နှုန်း၊တည်ဆောက်မှုပုံစံ အသေးစိတ်ကို ဖော်ပြတဲ့နေရာဖြစ်ပါတယယ်။
2.နောက် Tab တစ်ခုကတော့ System ပါပဲ။ဒီနေရာမှာ ဖုန်းရဲ့ အမှတ်တံဆိပ်၊နာမည် အစစ်၊ထုတ်လုပ်ထားတဲ့ Model အမျိုးစား၊Android Version နှင့် Screen resolution လို အခြားအချက်လက်တွေကိုဖော်ပြထားပါတယ်။
3.Battery ဆိုတဲ့ Tab မှာတော့ Battery အားအခြေအနေ၊အပူချိန်နှင့် ၊Battery အမျိုးအစားကို ဖော်ပြပေးထားပါတယ်။
4,Sensor ဆိုတဲ့ Tab မှာတော့ လက်၇ှိဖုန်းမှာအလုပ်လုပ်နေတဲ့ Sensor တွေကိုဖော်ပြပြီး ဘယ်လောက်အတိုင်းအတာထိအလုပ်လုပ်နေတယ်ဆိုတာကို သိရှိနိုင်ပါတယ်။
5.About မှာတော့ ကိုယ့်ဖုန်းနှင့် အကိုက်ညီတဲ့အခါ ပြန်လည်အကြောင်းကြားနိုင်ဖို့Send debug infos နှင့် Setting တို့ ပါဝင်ပါတယ်။ Setting မှာတော့ ထွေထွေထူးထူးပြောင်းလဲစရာမရှိဘဲ အပူချိန်ဖော်ပြတဲ့ unit ကို Celsius နှင့်လား Fahrenheit နှင့်လားဆိုတာ ရွေးချယ်ဖို့ပါ။
0 Comment "Android ဖုန်းတစ်လုံးကို အစစ်လား Clone လားဆိုတာကိုခွဲခြားပေးနိုင်မယ့် CPU-Z apk March 27, 2014"
Post a Comment